ရွှေဘိုခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ ​ရွှေဘိုအ​တွေး​ရွှေဘို​သွေးစာ​ပေ အနုပညာမဂ္ဂဇင်းအမှတ် (၃)၊၂၀၂၂ခုနှစ်စာအုပ်မှ၊ ဆရာမြတ်သာထွန်း(​ရွှေစံပြ) ​ရေးသားထားသည့် "ဖြတ်လမ်း" ဝတ္ထုတိုဖြင့်ယမန်နေ့ နံနက်(၁၀)နာရီချိန်ကစာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့ နေခြည်စျေးအတွင်း အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့ သတ်မှတ်ပြီး အသိပညာပေးခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများတွင် ပလတ်စတစ်သုံးစွဲမှု လျော့ချရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်က မြန်အောင် နေခြည်စျေး အတွင်း/အပြင် စျေးရောင်း၊ စျေးဝယ် ပြည်သူများ ပလတ်စတစ်အိတ်မသုံးစွဲရေး အသိပညာပေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇလွန်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား ကလပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲကို သြဂုတ် ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် မြို့နယ်ပြည်သူ့အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းလှ၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ)၌ ထိုးနှံပေးကြောင်း သိရသည်။

ဆဒုံးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ သြဂုတ် ၂၆ ရက်နေ့ မွန်းတည့် (၁၂) နာရီက စာရေးဆရာမ ဒေါက်တာ မတင်ဝင်း (ပညာရေးတက္ကသိုလ်)၏ "ကြီးပွားသူ ထူးချွန်သူတို့နှင့် အလုပ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်၊၊

ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါ ကူးစက်ပျံ့နှံ့မှုကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက လှည့်လည်အသိပညာပေးနှိုးဆော်ကြကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

၂၀၂၂−၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုများ ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားကို သြဂုတ်လ ၂၅ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။

လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်နှင့် မျိုးစိတ်အသစ်  BA.4 နှင့် BA.5 များကို ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်နှင့် ၄င်း၏ မျိုးစိတ်အသစ် BA.4 နှင့် BA.5 ရောဂါပိုးများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဒေသနေပြည်သူများ သိရှိလိုက်နာကြစေရန် အသိပညာပေးနှိုးဆော်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံး၀န်ထမ်းများက ကရင်၊ မြန်မာနှစ်ဘာသာဖြင့် မြို့ပေါ်/ရပ်ကွက်များနှင့် မာဒေးကျေးရွာသို့ Hand Speaker ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်း အ-ထ-က (၂)ကျောင်းတွင် ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂) ပညာ့ဗိမာန်ခန်းမတွင် မြို့နယ်ပညာရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်း ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းကို သြဂုတ် ၂၆ ရက်နေ့ နံနက် (၁၀) နာရီတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Subscribe to