လုပ်ငန်းကျွမ်းကျင်မှုနှင့်အတူ ဌာနလုပ်ငန်းများ တိုးတက်ကောင်းမွန်ရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း ဖွင့်လှစ်

မုံရွာ ဩဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှုနှင့်အတူ ဌာနလုပ်ငန်းများ တိုးတက်ကောင်းမွန်ရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က  ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊  ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်၊ မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးနှင့် သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုဖွင့်လှစ်သောသင်တန်းတွင် ပို့ချသည့်ဘာသာရပ်များအား သေချာလေ့လာသင်ယူကြပြီး မိမိတို့၏လုပ်ငန်းတာဝန်များအလိုက် ကျွမ်းကျွမ်းကျင်ကျင် စနစ်တကျ လက်တွေ့ လုပ်ကိုင်ဆောင်ရွက်ကြစေရေးနှင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရေးတို့ကို့ အလေးထားကာ အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်း အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်က သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များ နှင့်ပတ်သက်၍ မိတ်ဆက် ရှင်းလင်းပြောကြားခဲ့ပြီးနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုး က သင်တန်ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်းပြီး အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့  မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ ဘုတလင်၊ ချောင်းဦး၊ အရာတော်မြို့နယ်တို့မှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူ ၁၃ ဦးတက်ရောက်ခဲ့ကြပြီး သင်တမ်းကာလမှာ ယနေ့မှ စက်တင်ဘာလ ၂ ရက်နေ့အထိ ၅ ရက်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရပြီး ရုံးလုပ်ငန်းလက်စွဲ၊ ငွေစာရင်းဘာသာရပ်များ၊ စာကြည့်တိုက်ဘာသာရပ်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် သတင်းရေးသားပေးပို့နည်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ခရိုင်(ပြန်/ဆက်)