ကြံခင်း ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ကြံခင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်မည်ဖြစ်ရာ ယမန်နေ့ နံနက် ၈ နာရီက ကြံခင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးနှင့် ဘက်ရဲဈေး အတွင်း/အပြင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား အသိပညာပေး ဆောင်ရွက်ကြသည်။
ကြံခင်းမြို့နယ်တွင် ‟ကမ္ဘာမြေကျန်းမာဖို့ ပလပ်စတစ်ကို ရှောင်ကြဉ်စို့” ဆောင်ပုဒ်နှင့်အညီ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ အသားငါးများနှင့် ဟင်းသီး၊ ဟင်းရွက်များစသည့် အသုံးဆောင် ပစ္စည်းများအား ပလတ် စတစ်အိတ်အစား ကြာဖက်၊ အင်ဖက်၊ ငှက်ပျောရွက်၊ စက္ကူများ၊ ချိုင့်များ၊ ဆွဲခြင်းစသည့် ပစ္စည်းများဖြင့် အစားထိုးသုံးစွဲတတ်စေရန် အသိပညာပေးကြသည်။
အဆိုပါ အသိပညာပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ပူးပေါင်းပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)