နမ့်စန်တွင် (GEC)ပညာရေးငွေစုငွေချေး သမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် (GEC) ပညာရေးငွေစုငွေချေး သမဝါယမ အသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၂)ရပ်ကွက်ရှိ အထက(နမ့်စန်) သရဖီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။