ရွှေတောင် မြို့နယ်တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးစစ်ဆေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ရွှေတောင် သြဂုတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေးစစ်ဆေး အသိပညာပေးကွင်းဆင်း ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စု၊ ဆင်မကြပ်ကျေးရွာ ရန်ကုန်-ပြည်လမ်း ဆင်မကြပ်လမ်းဆုံတွင် မြို့နယ်ယာဉ်စည်းကမ်းလမ်း စည်းကမ်း ထိန်းသိမ်းရေးစစ်ဆေးရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးကွင်းဆင်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် (မြို့နယ်ရဲတပ်ဖွဲ့မှူး)နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လဝက၊မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ပညာ​ရေး၊ ယာဉ်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နွားမယံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ဆင်မကြပ် စစ်ဆေးရေးဂိတ်မှ ဒုရဲအုပ်ကျော်ဇင်လင်းနှင့် အဖွဲ့ဝင်တို့မှလုပ်ငန်း လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ မော်တော်ယာဉ်/ ဆိုင်ကယ်လိုင်စင် ရှိ / မရှိစစ်ဆေးခြင်း ဆိုင်ကယ်စီးသူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြရန်နှင့် ဆိုင်ကယ်တွင် ပါရှိရမည့်အချက်အလက်များ ပြည့်စုံစွာတပ်ဆင်ထားရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးစစ်ဆေးရေး ကြီးကြပ်မှုကော်မတီအနေဖြင့် မော်တော်ယာဉ် (၇၀) စီး၊ သုံးဘီးမော်တော်ယာဉ် (၃) စီး၊ မီနီအိုးဝေ (၁၁)စီး ၊ မော်တော်ဆိုင်ကယ် (၁၃၀) စီးတို့အား စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ  ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးစစ်ဆေး အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို အပတ်စဉ် တနင်္လာနေ့နှင့် ကြာသပတေးနေ့တိုင်း အသိပညာပေးစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း( ပြန်/ဆက်)