ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ အသိပညာဗဟုသုတရရှိစေရန်အတွက် ဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်းများ လာရောက်ဆောင်ရွက်

နမ့်ဆန်  ဩဂုတ်၂၉

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် အသိပညာဗဟုသုတရရှိစေရန်အတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချရန်အတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ စာပေလေ့လာဖတ်ရှုသူများ၊ ကလေးစာဖတ်ခန်းတွင်အရုပ်ဆက်ခြင်း၊ ပုံပြင် စာအုပ်လာရောက်ဖတ်ရှုသူများ ဆေးရောင်ခြယ်ခြယ်ခြင်းများပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်သူ သားငယ်သမီးငယ်များကို ကလေးစာဖတ်ဝိုင်းများ၊ ပုံပြောပြိုင်ပွဲများ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်ခြင်း၊အရုပ်ဆက်ခြင်း၊စက္ကူခေါက်ခြင်း ကလေးများစိတ်ဝင်စားသည့် အစီအစဉ်များပြုလုပ်ပေးပြီး ကလေးများစာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်ပြီး အမြဲတစေဝင်ထွက်သွားလာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကို လစဉ် ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်၊

နမ့်ဆန်ဒေသပြန်/ဆက်