ကြံခင်းမြို့နယ် ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ စက်သုံးဆီဈေးနှုန်း မှန်ကန်စွာ ရောင်းချရေး စစ်ဆေး

ကြံခင်း ဩဂုတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းချသော ရွှေဗျိုင်းဖြူဆီဆိုင်နှင့် အိုဝမ်းစက်သုံးဆီဆိုင်များသို့ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ဈေးကွက် စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင်  မြို့နယ်ဈေးကွက်စောင့်ကြည့်ရေးအဖွဲ့မှ  စက်သုံးဆီ သိုလှောင် ဖြန့်ဖြူခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ (၂၀)လီတာ ချင်ခွက်ဖြင့် ရောင်းချရာတွင် ချင်ခွက် ပြည့်/မပြည့်၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းမရှိဘဲ ဈေးနှုန်းမြင့်တက်ရောင်းချခြင်း ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)