ရွှေစက်တော် ဘုရားပွဲတော်အမီ ခရီးသွား မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရွှေစက်တော် ဘေးမဲ့တော ဥယျာဉ်အား ရွှေစက်တော် ဘုရားပွဲတော်အမီ ခရီးသွား မြှင့်တင်ခြင်း လုပ်ငန်းများအား ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရွှေစက်တော် ဘေးမဲ့တောဥယျာဉ် သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန်းထံမှ သိရသည်။