ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနက ငါးသယံဇာတများ တိုးပွားလာစေ ရန်နှင့် ငါးလုပ်ငန်းများ စဉ်ဆက် မပြတ် ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ငါးသလောက် သယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းကစတင်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။