ဒေါပုံမြို့နယ်တွင် မွေးကင်းစမှ တစ်နှစ်ခွဲအရွယ်ရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

မိခင်နှင့် ကလေးငယ်များဘဝ ကျန်းမာဖွံ့ဖြိုးပြီး ရောဂါကင်းရှင်းစေရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် ၉ နာရီအချိန် က စတင်ကာ မွေးကင်းစမှအသက်တစ်နှစ်ခွဲအရွယ်ရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ အား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးပေးခြင်းများကို တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ မုန်တိုင်းဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာ (Table -Top Exercise) ဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ တုတ်ပြန်ရေဆိုင်ရာ (Table-Top Exercise) ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၁) နာရီခွဲအချိန်က ကျိုက္ခမီမြို့ အ.လ.က-ခွဲ (ဆင်ပုန်း) ကျောင်း၌ ကျင်းပခဲ့သည်။

စံပြလယ်ဧက(၁၀၀)ရှိ တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ အိတ် (၁၀၀) ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကောက်ကြီးကုန်းအုပ်စု၊ ကောက်ကြီးကုန်းကျေးရွာရှိ စနစ်တကျဖော်ထုတ်ထားသော လယ်မြေဧက(၁၀၀)၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးသော တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃၀အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းကို အဖွဲ့များခွဲ၍ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်း က လဟာကလူကျေးရွာအုပ်စု ကျောင်းစုကျေးရွာ အ.လ.က တွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာ Talk Show ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာ Talk Show ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊‌ တောင်တွင်းကြီးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ မိုးနေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသခံတောင်သူများအား တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ယခု ၂၀၂၂ - ၂၀၂၃ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် မိုးနေကြာသီးနှံလျာထားဧကထက် ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် ယမန်နေ့က တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာအုပ်စု၊ ရွာသာကြီး ကျေးရွာသို့ကွင်းဆင်းပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိုးနေကြာသီးနှံ စိုက်ပျိုးရေး နည်းစနစ်များနှင့် သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်အတွင်း နယ်မြေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

မဟာအောင်မြေမြို့နယ်၊ စစ်ကြောင်းကြီး (၅) ကြောင်းပါဝင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက်ရပ်ကွက်၊ ပေါင်းလဲကျောင်းတိုက် ရွှေသာလျောင်းဓမ္မဗိမ္မာန်၌ ယနေ့နံနက်ပိုင်းက နယ်မြေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ ဒေသဖွံ့ဖြိုးရေး ဇီးတောကျေးရွာအုပ်စုမှ ပြည်သူများနှင့် ကွင်းဆင်း တွေ့ဆုံ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊   ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့ နံနက်  ၁၀ နာရီက ဇီးတောကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ကြသည်။ 

စစ်ကိုင်းမြို့တွင် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်လှစ်ပေး

စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ရပ်ကွက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to