သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသမီးငယ်များဘဝမြင့်တင်ရေး ရက်ကန်းသင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်

သံတောင်ကြီး စက်တင်ဘာ ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသမီးငယ်များ အလုပ်အကိုင်ရရှိရေး  အမျိုးသမီးငယ်များဘဝ မြင့်တင်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ရက်ကန်းသင်တန်းကို   ယမန်နေ့နံနက် (၁၀) နာရီအချိန်က ရှင်ဂျောက်ဂျက်အသင်းတော် ဘော်ဒါဆောင်ခန်းမတွင် ရက်ကန်းသင်တန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက သင်တန်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ပြောကြားပြီး ရှင်ဂျော့ဂျက်အသင်းတော်မှ ဘုန်းတော်ကြီး ဦးတင်အုန်းက မိမိတို့အသင်းတော်တွင် အမျိုးသမီးငယ်များ ရက်ကန်းသင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် လက်မှုပညာများ တတ်ကျွမ်းပြီး တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း ရက်ကန်းသင်တန်း ဖွင့်လှစ်နိုင်ရန် ကူညီပံ့ပိုးပေးသည့် တာဝန်ရှိ ပုဂ္ဂိုလ်များကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ရက်ကန်းသင်တန်းက စက်တင်ဘာလ () ရက်မှ (၃၀) ရက်အထိ တစ်လတာ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသူ (၁၀) ဦး တက်ရောက်ကာ သင်တန်းဆရာမ () ဦးဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နော်နော်မူ