သပိတ်ကျင်း စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းပြီး လူကုန်ကူးမှုအန္တရယ်များ ဖြစ်ပွားမှုလျော့နည်းပပျောက်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်စန္ဒာထွန်းက မိမိရပ်ကွက်၊မိမိပတ်ဝန်းကျင်တွင် လူကုန်ကူးမှုမဖြစ်ပွားစေရေး လူကုန်ကူးမှုနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ လူကုန်ကူးမှုဖြစ်ရသည့်အကြောင်းအရင်းများ၊ လူကုန်ကူးမှုဖြစ်စဥ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးခံရသူများ၏ နောက်ဆက်တွဲဆိုးကျိုးများ၊ လူကုန်ကူးသူပွဲစားတို့၏ စည်းရုံးလေ့ရှိသည့် အလေ့အထများ၊ လူကုန်ကူးမှုလျော့နည်းပပျောက်သွားအောင် ဆောင်ရွက်သင့်သည့်အချက်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များနှင့် ဆောင်ရွက်သင့်သည်များကို ပြန်လည်ဆွေးနွေးမေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာသော မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာကြည့်တိုက်ရှိ စာအုပ်စာစောင်များအား လေ့လာဖတ်ရှု ငှားရမ်းခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)