ကြံခင်းမြို့နယ် ကုန်းမြင့်ဘုန်းတော်ကြီးကျောင်းနှင့် ဘိုးဘွားရိပ်သာတွင် ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် ဆင်းရဲနွမ်းပါးသက်ကြီးဘိုးဘွားအား ထောက်ပံ့ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် သဲဖြူအုပ်စု ကုန်းမြင့်ဘုန်းတော်ကြီးကျောင်းနှင့် ဘိုးဘွားရိပ်သာတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် အုတ်တွင်းကျေးရွာအုပ်စု လယ်ကြီးကွင်းကျေးရွာရှိ ဆင်းရဲနွမ်းပါး သက်ကြီးဘိုးဘွားအား ထောက်ပံ့ ကြည့်ရှုအားပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ၎င်းနေရာတို့တွင် ဆောင်ရွက်ခဲ့သည်။

ပန်းတနော်မြို့နယ်တွင် ဆောင်သီးနှံ၊ ဆီထွက်သီးနှံ(နေကြာ)နှင့် နွေစပါးလျာထားချက်ပြည့်မီ ကျော်လွန်စေရေး နှင့် အထွက်နှုန်းတိုးတက်စေရေး တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့မှ ဆောင်သီးနှံ၊ ဆီထွက်သီးနှံ(နေကြာ)နှင့် နွေစပါးလျာထားချက်ပြည့်မီ ကျော်လွန် စေရေးနှင့် အထွက်နှုန်းတိုးတက်စေရေး တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့ကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အိမ်ထောင်စုစာရင်းနှင့် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စိစစ်၍ ပြင်ဆင်/ဖြည့်စွက်၊ ပယ်ဖျက်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပုသိမ်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပေးပို့လာသည့် စာရင်းဇယားများအား မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စိစစ်၍ ပြင်ဆင်/ဖြည့်စွက်ပယ်ဖျက်ခြင်း လုပ်ငန်းများကို စက်တင်ဘာလ(၂)ရက် နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ယနေ့နံနက် (၁၀)နာရီအချိန် က ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ်၌ (၁၆) ကြိမ်မြောက် မိုးကုတ်ဝိပဿနာဝါတွင်းကာလ (၅) ရက် တရားစခန်းပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ (ဂ)ရပ်ကွက်၊ သာသနရံသီကျောင်း၊ အာစရိယဂုဏ်ရည် ဓမ္မဗိမာန်တော်တွင် (၁၆) ကြိမ်မြောက် မိုးကုတ်ဝိပဿနာ ဝါတွင်း ကာလ (၅) ရက် တရားစခန်းပွဲကို ယနေ့တွင် တရားစခန်း (၂) ရက်နေ့မြောက်အဖြစ် ကျင်းပပြုလုပ်ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ (၅၀%)ဖြင့် ဆောင်ရွက်ပြီးစီးသည့် ကွန်ကရစ်လမ်းခင်းခြင်းနှင့် VDP ဖြင့် ဆောင်ရွက်မည့် လမ်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဂွကျေးရွာအုပ်စု၊ ဂုံညင်းတန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ (၅၀%)ဖြင့် သုဿာန်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ဖြင့် ဆောင်ရွက်မည့် လမ်းလုပ်ငန်းများအား တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

တိုက်ကြီးခရိုင် ငါးလုပ်ငန်းဉီးစီးဌာနရုံး ဖွင့်ပွဲကျင်းပ

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တိုက်ကြီးခရိုင် ငါးလုပ်ငန်းဉီးစီးဌာနရုံး ဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အဆိုပြုတင်ပြမည့် စီမံကိန်းလုပ်ငန်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဌာနဆိုင်ရာများ လုပ်ငန်းများ တိုးတက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အဆိုပြုတင်ပြမည့် စီမံကိန်းလုပ်ငန်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ယနေ့နံနက် ၉နာရီ ၄၅ မိနစ်အချိန်က ကျင်းပခဲ့သည်။

ငါးသိုင်းချောင်းမြို့၌ ဆပ်ပြာအဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းနှင့် စားရိက္ခာအတွက် ဆန်များလှူဒါန်းခြင်းပြုလုပ်

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်ပိုင်းက မိသားစုဝင်ငွေရရှိစေမည့် အသက်မွေးဝမ်းကြောင်းပညာ ဖြစ်သည့် ဆပ်ပြာအဆီပြုလုပ်နည်းသင်တန်းကို သင်တန်းနည်းပြ ဦးဇင်ကိုရှိန်းက (အခမဲ့)သင်ကြားပေးခဲ့ရာ မြို့ပေါ်ရပ်ကွက်အသီးသီးက သင်တန်းသား/သူ (၂၀)ဦး တက်ရောက်လေ့လာသင်ယူခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် က ပေါက်ခေါင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to