ဒေးဒရဲ စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနက ငါးသယံဇာတများ တိုးပွားလာစေ ရန်နှင့် ငါးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ငါးသလောက် သယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းကစတင်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသိန်းဟန်နှင့် ဝန်ထမ်းများ က တိုးမြစ်တစ်လျှောက်နှင့် ကျေးရွာများရှိ မျှောပိုက်လုပ်ကိုင်သူများ သိရှိလိုက်နာနိုင်စေရေးအတွက် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့မှ အောက်တိုဘာလ (၁၅) ရက်နေ့အထိ ငါးသလောက်သယံဇာတ ထိန်းသိမ်းရေး လုပ်ငန်းများအဖြစ် တိုးမြစ်၊ အကယ် (ဒုံရမ်း)မြစ်နှင့် သံဒိပ်မြစ်တစ်လျှောက်တွင် မျှောပိုက်များဖြင့် ငါးဖမ်းဆီး ခြင်းလုပ်ငန်းများ လုပ်ကိုင်ခြင်းမပြုရန် လိုက်လံအသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
အေဇာလင်း