မံစီ စက်တင်ဘာ ၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ယနေ့ နံနက် ၉ နာရီက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ကျေးရွာစီမံကိန်းစီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်း ဆရာဖြစ်သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သည့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် စီမံကိန်းကျေးရွာများမှ အုပ်ချုပ်ရေးတာဝန်ရှိသူများက တက်ရောက်လျက်ရှိပြီး မံစီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတန်ဂျီးနှင့် တာဝန်ရှိသည့် ဝန်ထမ်းများက နည်းပြဆရာများ အဖြစ် တာဝန်ယူကာ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၈)ဦးကို (၁)ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ် ကြောင်း သိရသည်။
မံစီမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သည့် ကျေးရွာ ၆ ရွာရှိပြီး သင်တန်းတက်ရောက်သူများအနေဖြင့် လုပ်ငန်းများဆောင်ရွက်သည့် ကျေးရွာများမှ စီမံကိန်းကော်မတီအဖွဲ့ဝင် များကို ပြန်လည်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
မြို့နယ် (ပြန်/ဆက်)