ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ကိုယ်စားပြု စစ်တုရင်အသင်းအား အောင်နိုင်ရေးအလံပေးအပ်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု စစ်တုရင်အသင်း၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး စနစ်တကျ လေ့ကျင့်စေရေး၊ နည်းစနစ်မှန်ကန်စေရေးနှင့် နည်းပြများ၏ သင်ကြားမှုများကို မှတ်သားနာယူ ဆောင်ရွက်စေရေး မှာကြားသည်။

မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပေးကြေညာ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် အသိပေးကြေညာခြင်းကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ရပ်ကွက်၊ ကျေးရွာ များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခဲ့သည်။

မိုင်းယောင်း၌ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ပျိုးထောင်ကြရန် ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ “စာဖတ်သည့်အလေ့အကျင့်ကောင်းများ ပျိုးထောင်ကြရန်”ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပကြောင်း

အောင်ပန်းဒေသမှထွက်ရှိလာသည့် ခရမ်းချဉ်သီးများ စျေးကောင်းပုံမှန်ရရှိနေ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စည်ပင်သာယာစျေးအတွင်းသို့ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းဒေသမှထွက်ရှိလာသည့် ခရမ်းချဉ်သီးများပုံမှန်စျေးကောင်းရရှိနေကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး အပတ်စဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ထိရောက်အောင်မြင်အောင် ပူးပေါင်းဆောင် ရွက်နိုင်ရေး ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ဆောင်ရွက် ကြောင်းသိရှိရသည်။

ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းသို့ ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ လူမှုဝန်ထမ်းမှ အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းသို့ ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။

အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ ခရိုင်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၆/၂၂)ကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင် အထွေထွေအုပ်ချုပ်ရေးမှုးရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

မိုင်းယုမြို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း(Mask Campaign)ပြုလုပ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါသည် ပပျောက်လုနီးပါးအချိန်ဖြစ်ခဲ့သော်လည်း ယခုအခါ ဒေသအချို့တွင် ပြန်လည် ကူးစက်မှုများရှိလာသဖြင့် ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့ဝင်လမ်းဆုံနေရာနှင့် ဒေသတွင်းရှိဈေးဆိုင်တို့တွင် နှာခေါင်းစည်း (Mask Campaign) ပြုလုပ်ခြင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးနှိုးဆော်မှုကို

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေနှင့် ဆန်ဆီများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကျေးရွာအရောက် သွားရောက်ထောက်ပံ့

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေနှင့် ဆန်/ဆီများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကံကလေးအုပ်စု သစ်စင် (မြောက်စုရွာ) ဆင်းရဲနွမ်းပါးသက်ကြီးဘိုးဘွားအား ယမန်နေ့ညနေ ၄ နာရီခွဲက အဆိုပါကျေးရွာသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
Subscribe to