ရွှေတောင်မြို့နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဝန်ထမ်းများက ကြာနီကန်ရပ်ကွက်၊ ဆေးရိုးတန်းလမ်း၊ ဧဝရက်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်း က စာဖတ်ရှိန်မြင့်မားရေး လှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် မြို့အဝင်ပန်းခြံ ခြံစည်းရိုးကာခြင်းလုပ်ငန်း (၇၅) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်  ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ

လူအများစုဝေး၍ စားသုံးကုန်၊ လူသုံးကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားရာဌာနနေရာများအား ခေတ်စနစ် နှင့်လျှော်ညီသည့်ဈေးများအဖြစ်အဆင့်မြှင့်တင်

ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး လူအများစုဝေး၍ စားသုံး ကုန်၊ လူသုံးကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားရာဌာန နေရာများအား ခေတ်စနစ်နှင့်လျှော်ညီ၍ သန့်ရှင်းသပ်ရပ်သော၊ သက်သောင့်သက် သာဖြစ်စေသော ဈေးများအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဘားအံမြို့မဈေး သားငါးဈေးရုံ သစ်တည်ဆောက်ခြင်းနှင့် မာန်အောင်ဈေးရုံများ အဆင့်မြှင့်တင်တည် ဆောက်ခြင်း လုပ်ငန်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ကျောက်ဆည်မြို့နယ်တွင် စတုတ္ထအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၁၅၂၅)ဦး ထိုးနှံပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊    ကျောက်ဆည်မြို့၊   စုကြီးရပ်ကွက် မြို့တော်ခန်းမတွင် ယနေ့နံနက် (၉)နာရီခွဲက စတုတ္ထအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိရာ (၁၅၂၅) ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်၌ အသက်မွေးဝမ်း ကျောင်းအထောက်အကူပြုလုပ်ငန်း အမျိုးသမီးအပ်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြုလုပ်ငန်း၊ အမျိုးသမီးအပ်ချုပ်စက် (၂)လသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဒေသခံပြည်သူများအား ပါးစပ်နှာခေါင်းစည်း (Mask)အခုရေ ၁၀၀၀ အခမဲ့ ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိသော်လည်း ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၄ နာရီတွင် မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ မြို့နယ်နေ ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ Mask တပ်ဆင်ရေးအတွက် ပါးစပ် နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ၀န်ကြီးချုပ် ၂ဝ၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့် ပညာအဆင့်) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

တိုင်းရင်းသားလူမျိူးအ​ပေါင်းတို့၏ ​ဓလေ့ထုံးတမ်းအစဉ်အလာများကို ​လေးစားလိုက်နာပြီး အမျိုးသားယဉ်​ကျေးမှု စရိုက်လက္ခဏာများ မ​​ပျောက်ပျက်​အောင် ထိန်းသိမ်း​စောင့်​ရှောက်​ရေး ဦးတည်ချက်နှင့်အညီ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ကျင်းပ​ပေးလျက်ရှိ​ရာ မွန်ပြည်နယ်၊ ၂ဝ၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့် ပညာအဆင့်) ပြိုင်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ယမန်​နေ့ နံနက်ပိုင်းက ​မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ
Subscribe to