စဉ့်ကိုင်မြို့နယ်တွင် မျောက်ကျောက်ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မျောက်ကျောက်ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက် (၉) နာရီက မြို့ဝန်ကုန်းကျေးရွာအတွင်းရှိ လမ်းဆုံနေရာများတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ကျိုက်ထိုမြို့၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ဖွင့်လှစ်ထားသည့် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့သည်။

ကျောက်တံတားမြို့နယ်တွင် ဌာနဆိုင်ရာများပူး‌ပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယ‌နေ့နံနက် ၁၀ နာရီ က ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာသင်တန်းကို ယနေ့နံနက် ၉ နာရီက ရမည်းသင်းမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း အနော်ရထာခန်းမတွင် ကျင်းပပြုလုပ်သည်။

ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပလတ်စတစ်ခြင်းရက်လုပ်နည်း Online မှရိုက်ကူးထုတ်လွှင့်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အမျိုးသမီးများ၏ လူနေမှုဘဝမြင့်မားရေးနှင့် အိမ်တွင်းလက်မှုစီးပွားရေးကို တစ်ပိုင်တစ်နိုင် ဆောင်ရွက်နိုင်ရေးအတွက် ပလတ်စတစ်ခြင်း ရက်လုပ်နည်းအား Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ခြင်းကို  ယမန့်နေ့ မွန်းလွဲ ၂ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာတွင် စစ်ဘေးလာရာက်ရှောင် နေသူများအား လာရောက် လှူဒါန်း ထောက်ပံ့ပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ သံဆိပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် အနောက်ဘက်ကျေးရွာအုပ်စုအတွင်း စစ်ဘေးလာရောက် ရှောင်နေသူများအား ယနေ့နံနက် (၉)နာရီအချိန် က ဆန်နှင့်ပုဇွန်ငါးပိထောင်းများကို အနောက်ဘက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် လာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် ချည်မျှင်ရှည်ဝါစိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းပြီး ဝါစိုက်တောင်သူများ ဈေးကောင်းရရှိရန်မျှော်လင့်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ချည်မျှင်ရှည်ဝါစိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်း၍ ဝါစိုက် တောင်သူများ ဝါဈေးကောင်းရန်မျှော်လင့်လျက်ရှိကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

စက်တက်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ငါ့သရောက်မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီက ငါ့သရောက်မြို့ မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဝန်ထမ်းများအား အခမဲ့ငှားရမ်း ပေးခဲ့ကြောင်းသိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါ (အိုမီခရွန်) ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to