နမ့်ခမ်းမြို့၌ အသက်(၂)လမှ (၁)နှစ်ခွဲ အရွယ် ကလေးငယ်များအား အပတ်စဉ် ပုံမှန်ကာကွယ် ဆေး ထိုးနှံပေး

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အသက်(၂)လမှ (၁)နှစ်ခွဲ အရွယ်ကလေးများအား ယနေ့နံနက်(၉) နာရီအချိန် နမ့်ခမ်းမြို့၊ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံရှိ မိခင်နှင့်ကလေးရုံး၌ အပတ်စဉ် ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ထိုးနှံပေးခြင်းလုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိကြောင်း

လပွတ္တာတွင် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအတွက် (ပထမ)အကြိမ် ယူရီယားဓာတ်မြေသြဇာ (၂၀၀၄)အိတ်ကို စျေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများနှင့် မိုးစပါး နည်းပညာပေး စံပြစိုက်ကွက်များအတွက် မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ယူရီယား ဓာတ်မြေသြဇာများကို ယနေ့ နံနက် ၉ နာရီချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ (ပထမ)အကြိမ် စျေးနှုန်း ချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များ ကာယ၊ ညာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် ပြိုင်ပွဲများ ကျင်းပပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူလေးများ ကာယ၊ ညာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ယနေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကာယ၊ ညာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ် နောင်ခုံးကျေးရွာအတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေတို့ဖြင့် တဘက်ကျေးရွာအုပ်စု၊ နောင်ခုံးကျေးရွာ၌ ကျေးရွာအတွင်း ကွန်ကရစ် ဘီးလမ်းခင်းခြင်းလုပ်ငန်းကို

ကံမမြို့ အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ်လမ်း၌ ရေပိတ်ကတ္တရာလောင်းခြင်းလုပ်ငန်း ဆောင်ရွက်

မကွေးတို်ငးဒေသကြီး သရက်ခရိုင် ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်းမှ လမ်းများအား ကောင်းမွန်စေရန် ဆောင်ရွက်ပေးလျက်ရှိရာ အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ်လမ်း၌ ရေပိတ်ကတ္တရာခင်းခြင်းလုပ်ငန်းအား တာဝန်ခံအင်ဂျင်နီယာ ဦးသက်နိုင်ထွန်းက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

ကျုံပျော်တွင် ရပ်ရွာအေးချမ်းသာယာရေးအတွက် ကွင်းဆင်းစစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူ များ တွေ့ဆုံပွဲပြုလုပ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် အေးချမ်း သာယာမှု ရှိစေရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁ ရက်နေ့က မန်းကြာကျေးရွာအုပ်စု ဓမ္မာရုံတွင် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင် ရှမ်းရွာသစ်မြို့တွင် အသက်(၂)နှစ်အောက်ကလေးငယ်များ ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်နှင့် ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်တွင် အသက်နှစ်နှစ်အောက် ကလေးငယ်များအား  ပုံမှန်ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ကျေးလက်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၇/၂၀၂၂) ကျင်းပ

ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်နယ်အစိုးရအဖွဲ့ခွဲများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များသို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဟိုပန်၌ အသက်(၂)လ မှ တစ်နှစ်ခွဲထိ  ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် တွင် အသက်(၂)လ မှ တစ်နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ က  ရုံးကုန်းရပ်ကွက်ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဌာန စုရပ်နေရာ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။ 

ချောင်းဆုံမြို့နယ်ရှိ ကျေးရွာ(၅)ရွာတွင် ကျေးလက်ရေရှိရေးလုပ်ငန်းများဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ် မူလရန်ပုံငွေ (ပြည်ထောင်စု) ရန်ပုံငွေကျပ် (၁၄၂ ဒဿမ ၁၆) သန်းဖြင့် ကျေး/ လက်ရေရရှိရေးလုပ်ငန်းများကို မြို့နယ်ရှိ ကျေးရွာ(၅)ရွာတွင် တင်ဒါအောင်မြင်သော ကုမ္ပဏီ(၅)ခု မှ ဇွန်လ နောက်ဆုံးပတ်တွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to