ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community center)တွင် အိုဇုန်းလွှာအကြောင်း သိကောင်းစရာ Talk Show ကျင်းပ

ကလေး စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အိုဇုန်းလွှာအကြောင်း သိကောင်းစရာများ Talk Show ကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community center)၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းအောင်က Talk Show ကျင်းပရခြင်းနှင့်ပတ်သက်၍ ဦးစွာဆွေးနွေးပြောကြားခဲ့ပြီး ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ  ဒုတိယဦးစီးမှူး ဒေါ်နှင်းသော်တာလွင်က အိုဇုန်းလွှာဖြစ်ပေါ်လာပုံ၊ အိုဇုန်းလွှာသည် သက်ရှိများအတွက် အကျိုးပြုပုံများ၊ အိုဇုန်းလွှာပျက်စီးရခြင်း၏ အကြောင်းအရင်းများ၊ အိုဇုန်းလွှာပျက်စီးခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့် အိုဇုန်းလွှာကာကွယ်ရေးအတွက် အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ဆွေးနွေး ပြောကြားခဲ့သည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ အသိဉာဏ်ပညာဗဟုသုတများ တိုးပွားနိုင်စေရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ စာပေမြတ်သူနိုးသူများဖြင့် စာဖတ်ဝိုင်း၊ အသိပညာပေး ဆွေးနွေးမှုများနှင့် သင်တန်းများကို အပတ်စဉ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ကလေး(ပြန်/ဆက်)