မိုင်းယောင်း စက်တင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွန်ကြားချက် လိုက်နာစေရေးနှင့် ကာကွယ်ဆေးထိုးနှံရေးအတွက် တာဝန်ရှိများက ယနေ့တွင် နမ့်မိန်တံတားလမ်းဆုံ စသော အများပြည်သူနှင့် သက်ဆိုင်သည့်နေရာ များ၌ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၂ ဦးစိုင်းဘွန်းစီ ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွန်ကြားချက်များကို လိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်းအားဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုတို့ကို လျှော့ချပေးနိုင်သည်ဖြစ်ရာ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် ခံယူကြရန်၊ အပြင်ထွက်လျှင် နှားခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာကြရန် အသိပညာပေးဆွေးနွေးပြီး နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း