မင်းလှမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ဓာတ်မှန်ဆောင် ဆောက်လုပ်ရန် ပန္နက်တင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ဓာတ်မှန်ဆောင် ဆောက်လုပ်ရန်ပန္နက်တင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့သည်။

မုဒုံမြို့၌ လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းဆိုင်ရာများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက်  ၉  နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတဝန်ကြီးဌာနဝန်ကြီး မိုးကောင်းမြို့နယ် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတဝန်ကြီးဌာန ဝန်ကြီး ဦးတိန့်ဆောင်သည် မိုးကောင်းမြို့နယ် ဌာနဆိုင်ရာများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီတွင် တွေ့ဆုံသည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မိုးကောင်းနှင့် နမ္မတီးမြို့ရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ မိုးကောင်းမြို့နှင့် နမ္မတီးမြို့တို့ရှိ မြို့နယ်နှင့် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး မြို့များဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်နယ်အစိုးရဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

နတ်တလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယမန်နေ့က မြို့နယ်အတွင်းရှိဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ရုံးဌာနများအရောက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ သွားရောက် ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော ဝန်ထမ်းများအား စာဖတ်ခြင်း အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြို့သစ်တွင် မွေးစမှအသက်(၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်မြို့သစ်မြို့နယ်တွင် မွေးစမှ အသက် (၁) နှစ်အောအောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် (၉)နာရီမှစ၍ မြို့သစ်မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့တွင် ‘Gender/ CEDAW/ NSPAW/ UNSCR 1325’ အသိပညာပေးခြင်းနှင့် လားရှိုးခရိုင် အမျိုးသမီးကော်မတီအစည်းအဝေး(၁/၂၀၂၂)ကျင်းပပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က လားရှိုးခရိုင်လူမှုဝန်ထမ်းရုံးမှ Gender, CEDAW, NSPAW, UNSCR 1325 အသိပညာပေးခြင်းနှင့် လားရှိုးခရိုင် အမျိုးသမီးကော်မတီ အစည်းအဝေး (၁/၂၀၂၂) ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းလုံမြို့တွင် ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူများမှ ဗဟုသုတတိုးပွားစေရန် စာအုပ်များ နေ့စဉ်ငှားရမ်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင်  ကျောင်းသား/ကျောင်းသူများမှ ဗဟုသုတတိုးပွားစေရန် စာအုပ်များနေ့စဉ်ငှားရမ်းလျက်ရှိကြောင်း သိရသည်။

မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၁၆ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြောင်းမြမြို့ မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to