မအူပင်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

မအူပင် စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရွှေတောင်မှော်ကျေးရွာအုပ်စုတွင် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် နယ်မြေစိုးမိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မှော်ကျေးရွာအုပ်စု၊ ရွှေသိမ်တော်ကျောင်း တန်ဆောင်းတော်ကြီးတွင် ကျင်းပ သည်။

တွေ့ဆုံ‌ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ အကြမ်းဖက်အဖွဲ့အစည်း များနှင့် ပတ်သက်ဆက်နွယ်မှု မရှိစေရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လွယ်ကူစွာပြုလုပ် နိုင်ရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် ပညာ သင်ယူခွင့်ရရှိရေး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုဆိုင်ရာများ၊ စိုက်ပျိုးရေးဆိုင်ရာများ၊ တိရစ္ဆာန်များ အခမဲ့ဆေး ထိုးနှံပေးမှုဆိုင်ရာများ၊ ကျေးရွာလမ်းဆောင်ရွက်မှုများစသည့် လုပ်ငန်းကိစ္စရပ်အသီးသီးအား သက်ဆိုင်ရာဌာနများအလိုက် ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များ အားမေးမြန်းရာ သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ မအူပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊ အတွင်းရေးမှူး ရဲမှူး ထွန်းထွန်းအေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများနှင့် ပြည်သူများတက်ရောက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းမှ တက်ရောက်လာသည့် ပြည်သူများအား တစ်ဦးလျင်ဆန် (၁)ပြည်နှုန်းဖြင့် ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက် ၍ စားအုန်းဆီ (၁)ပိဿာကို (၅၄၀ဝိ/)ကျပ်နှုန်းဖြင့် ထပ်မံရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မအူပင်ခရိုင်(ပြန်/ဆက်)