ပုသိမ် စက်တင်ဘာ ၂
ပုသိမ်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပေးပို့လာသည့် စာရင်းဇယားများအား မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စိစစ်၍ ပြင်ဆင်/ဖြည့်စွက်ပယ်ဖျက်ခြင်း လုပ်ငန်းများကို စက်တင်ဘာလ(၂)ရက် နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ပုသိမ်မြို့နယ်၊ ကိုးဆူစံပြကျေးရွာတွင် ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ အဖွဲ့ဝင်(၃) မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးကျော်ထွန်းနှင့် ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ အထောက်အကူပြုအဖွဲ့များက စာရင်းဇယားများနှင့် မြေပြင်လူဦးရေ စာရင်း တိုက်ဆိုင်စိစစ်၍ ပြင်ဆင်/ဖြည့်စွက် ပယ်ဖျက်ခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။ ပုသိမ်မြို့ပေါ်ရှိ ရပ်ကွက်(၁၅)ခုတွင် အိမ်ထောင်စုစာရင်းနှင့် မြေပြင်လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေး ပြီးစီးပြီဖြစ်ပြီး ကျေးရွာများသို့ ယနေ့မှစတင် ၍ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ပုသိမ်မြို့နယ်အနေဖြင့် လ.ဝ.ကစာရင်းပုံစံ (၆၆/၆)များအား eID စနစ်ဖြင့် ၁၈.၇.၂၀၂၂ ရက်နေ့မှ စတင်ကာ ပုသိမ်မြို့၊ စုပေါင်းရုံးခန်းမတွင် ဖြည့်သွင်းဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိရာ ၁.၉.၂၀၂၂ ရက်နေ့အထိ (၅၃.၁%) ဖြည့်သွင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်ဟန်