တိုက်ကြီးခရိုင် ငါးလုပ်ငန်းဉီးစီးဌာနရုံး ဖွင့်ပွဲကျင်းပ

တိုက်ကြီး     စက်တင်ဘာ    

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  တိုက်ကြီးခရိုင် ငါးလုပ်ငန်းဉီးစီးဌာနရုံး ဖွင့်ပွဲကို   ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ကြီးခရိုင် ငါးလုပ်ငန်းဉီးစီးဌာနရုံးဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဉီးစီးဌာနမှ တိုင်းဒေသကြီး ဒုတိယတိုင်းဉီးစီးမှူး၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူး၊ တောင်ပိုင်းခရိုင်ဉီးစီးမှူး၊ အနောက်ပိုင်းခရိုင် ဉီးစီးမှူး၊ တိုက်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများနှင့် အင်းသားကြီးများ စုစုပေါင်း အင်အား ၅၀ ဉီးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)