သာပေါင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း Software Program ထည့်သွင်းခြင်းလုပ်ငန်းများ သက်မှတ်လျာထားချက်အတိုင်း အချိန်မီပြီးစီးရေး ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၌ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)များ Software Program ဖြင့် Database ထည့်သွင်းဆောင်ရွက်နေမှုလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြရာ လျာထားချက်အတိုင်း အချိန်မီပြီးစီးရေးကို နေ့စဉ် Software Program ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား အသေးစိတ်ရှင်းလင်းခဲ့သည်။

ပြည်နယ်အဆင့် အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နမ့်စန်မြို့နယ် U-16 ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်မည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ရှမ်းပြည်နယ်တောင်ပိုင်းဇုံ မြို့နယ်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန် မြို့နယ် ကိုယ်စားပြု U-16 ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယမန်နေ့ နေ့လည် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဒိုက်ဦးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေး ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဘုရားကြီးကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နေ့လည်၂ နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းရှိ တောင်ကြီး-ဘန်းယဉ်ခရီးစဉ် အမှတ်(၁၅၃) အဆန်၊ အမှတ်(၁၅၄) အစုန်ရထား ပြန်လည်ပြေးဆွဲခြင်းအတွက် ဒေသခံပြည်သူများ၏ စကားသံများ

တောင်ကြီး-ဆိုက်ခေါင် လမ်းပိုင်းနှင့် တောင်ကြီး-ဖာမွန်း မီးရထားလမ်းပိုင်းကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဖာမွန်း-ဘန်းယဉ် လမ်းပိုင်းကို ၁၉၉၆ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဘန်းယဉ်-ဆိုက်ခေါင်ရထားလမ်းပိုင်းကို ၂၀၀၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ခရီးမိုင်အားဖြင့် တောင်ကြီးမှဆိုက်ခေါင်သို့ ၄၀.၆၇ မိုင်၊ သံလမ်းမိုင် ၄၂.၃၀ မိုင် ရှိပြီး ရထားလမ်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ ဒေသအတွင်း ရထား ပို့ဆောင်ရေးလုပ်ငန်းနှင့်အညီ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကုန်ထုတ်စီးဆင်းမှုမှာ ရထားပို့ဆောင်ရေးလုပ်ငန်းနှင့်အညီ ချောမွေ့ရန်၊ ဒေသတွင်း ထွက်ကုန်များအား ရထားနှင့် အလွယ်တကူသယ်ဆောင်နိုင်ရန်အတွက် အဓိကထားပြီး ရထားလမ်းပိုင်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ တောင်ကြီးခရိုင်၊ တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းမှာ ရှိသည့် တောင်ကြီးဘူတာမှ ဘန်းယဉ်ဘူတာထိ (၃၃.၇၁) မိုင်ရှိသော ရထားလမ်းပိုင်းကို ရထားပြန်လည်ပြေးဆွဲခြင်းဖြစ်ပြီး တောင်ကြီး-ဆိုက်ခေါင် ရထားလမ်းပိုင်မှာ ရထားပြေးဆွဲခြင်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်ခန့် ကိုဗစ်ကာလတွင် ယာယီရပ်နားခဲ့ရပါကြောင်း၊

ဇမ္ဗူသီရိမြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သာသနာရေးဦးစီးဌာန၊ မြို့နယ်ဥပဒေရုံးတို့မှ အခြေခံပညာ ကျောင်းများသို့ ကွင်းဆင်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများ၊ ဘာသာသာသနာနှင့်သက်ဆိုင်သည့် ရာဇဝတ်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲများကို

ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဆွေးနွေးပွဲ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ဆရာ/ ဆရာမများအား ကျောင်းကျန်းမာရေးစစ်ဆေးမှုကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီကအမှတ်(၇)ရပ်ကွက်၊ မြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဦးခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကဗျာရွက်ဆိုပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကဗျာရွက်ဆိုပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ် ကံမြင့်ကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးမြင့်စိုး၊ သစ္စာမဏ္ဍိုင်ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသား တောင်သူများနှင့်တွေ့ဆုံဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ကံမြင့်ကျေးရွာတွင်  သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဦးမြင့်စိုးနှင့် သစ္စာမဏ္ဍိုင်ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ  ၃နာရီအချိန်က ကံမြင့်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။

မိတ္ထီလာတွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဆင်းပွဲကျင်းပ

မိတ္ထီလာခရိုင်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂ဝ၂၂)ဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက အဆိုပါဦးစီးဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်၌ ကျောင်းကျန်းမာရေးစစ်ဆေးမှုကတ် အသုံးပြုခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ဆရာ/ ဆရာမများအား ကျောင်းကျန်းမာရေးစစ်ဆေးမှုကတ် အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to