ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဒဂုံအရှေ့  စက်တင်ဘာ  

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ယနေ့နံနက် (၁၀)နာရီအချိန် က ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသူ က ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ()ရပ်၊ ဦးတည်ချက် ()ရပ်တို့အား အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုံမှန်ဌာနလုပ်ငန်းများ အပြင် အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး စစ်ကြောင်း ၅ကြောင်းဖြင့် ဖွဲ့စည်းပေးထားသော အဖွဲ့များအလိုက် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ပြန်လည်တွေ့ရှိလာသည့်အတွက် Mask Campaing များ ဆောင်ရွက်ခြင်း၊ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်တွင် ရန်ပုံငွေခွဲဝေရရှိမှုအရ လူမှုရေးပင်စင်အစီအစဉ် ()ကြိမ်နှင့် MCCT တစ်ကြိမ်သာ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ရာ မိမိတို့မြို့နယ်အနေဖြင့် လူမှုရေးပင်စင် ()ကြိမ်တွင် ()ကြိမ်ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း အဆိုပါလူမှုရေးပင်စင် ထောက်ပံ့မှုတွင်အကျိုးခံစားခွင့် ရရှိသူများအတွက် ပြည်သူလူထုအတွင်း မလိုလားအပ်သော အထင်လွှဲမှားမှုများမဖြစ်ပေါ်စေရေးအတွက် ချပြရှင်းလင်းဆွေးနွေးပြောကြားပြီး ရပ်ကွက်၊ ကျေးရွာများ၌လည်း သက်ဆိုင်ရာတာဝန်ရှိသူများမှ ထပ်ဆင့်အသိပေးဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြိူ့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် () ဗိုလ်မှူးသက်ဇော် က မြို့နယ်အတွင်းလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ပေးမှုဒေသဖွံ့ဖြိုးတိုးတက်ရေး တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ ကာကွယ်ရေးဆောင်ရွက်ပေးမှု လုပ်ငန်းများ ရှင်းလင်းဆွေးနွေးခြင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးဆန်းထွန်းမှ လုံခြုံရေးနှင့်နယ်မြေတည်ငြိမ်အေးချမ်းသာယာရေး ဆောင်ရွက်သည့်လုပ်ငန်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလဲ့လဲ့ဝင်းမှ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု၊ ကလေးငယ်များပုံမှန်ကာကွယ်ဆေးထိုးနှံမှု၊ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ပေးနေမှုကို ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ပညာရေးမှူး ဒေါ်ထူးထူးလွင်မှလည်း ဆရာ/မများ တာဝန်ထမ်းဆောင်မှုပညာရေးဆိုင်ရာ ကိစ္စများ အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှုတို့အား ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးတင်ဆန်းကလည်း မြို့နယ်လျှပ်စစ်ဓာတ်အားပေးနေမှု၊ ပြင်ဆင်ဆောင်ရွက်ပေးနေမှု အခြေအနေတို့ကိုလည်းကောင်း၊ အခြားဌာနဆိုင်ရာများကလည်း မိမိတို့ဌာနများအနေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)