အုတ်ဖိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အဆိုပြုတင်ပြမည့် စီမံကိန်းလုပ်ငန်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

အုတ်ဖို   စက်တင်ဘာ   

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဌာနဆိုင်ရာများ လုပ်ငန်းများ တိုးတက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အဆိုပြုတင်ပြမည့် စီမံကိန်းလုပ်ငန်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ယနေ့နံနက် ၉နာရီ ၄၅ မိနစ်အချိန်က ကျင်းပခဲ့သည်။

အစည်းဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်း က အဖွင့်အမှာစကားပြောကြားရာ  ဌာနဆိုင်ရာများအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အဆိုပြုတင်ပြမည့် စီမံကိန်းလုပ်ငန်းများအား တင်ပြဆွေးနွေးကြရန်နှင့် ယခုလက်ရှိ ဆောင်ရွက်လျှက်ရှိသည့် ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်ရသည့်လုပ်ငန်းများ သက်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး၊ ဌာနဆိုင်ရာများ အချင်းချင်းပူးပေါင်းဆောင်ရွက်ရေး၊ လိုအပ်သည်များကို မိမိအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာများက မိမိတို့ဌာနများမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အဆိုပြုတင်ပြသွားမည့် စီမံကိန်းလုပ်ငန်းများနှင့် ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများကို အသီးသီးတင်ပြကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

အောင်သူ