ပိုင်ကျုံမြို့ အ.ထ.က (ခွဲ) လော်ကော်ကျောင်း၌ Steel Structure ဖြင့် တစ်ထပ်ကျောင်း ဆောင်သစ်တည်ဆောက်

နိုင်ငံအတွင်းရှိ လူငယ်လူရွယ်များ အဆင်ပြေစွာပညာသင်ကြားနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်ချက်ဖြင့် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းများ တည်ဆောက်လျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လော်ကော်ကျေးရွာအုပ်စု၊ လော်‌ကော်ကျေးရွာ၊ အ.ထ.က (ခွဲ) လော်ကော် ကျောင်းတွင် Steel Structure ဖြင့် (ပေ ၁၂၀× ပေ ၃၀) ရှိ (၁) ထပ်ကျောင်းဆောင်သစ် တစ်လုံး တည်ဆောက်ခြင်းလုပ်ငန်းကို ဩဂုတ်လ ပထမအပတ်တွင် စတင်တည်ဆောက် လျက်ရှိကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ထိုးနှံပေးလျက်ရှိသည်။

ကယားပြည်နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်) ဖွင့်ပွဲအခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ၂၀၂၂ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းဆတ်မြို့၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များလှည့်လည်ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၁၁)နာရီတွင် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် မြို့သစ်ရပ်ကွက်၊ မြို့နယ် သာသနာရေးရုံး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးများမှ စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းများ

ပျော်ဘွယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့နှင့်ကျေးရွာနေဒေသခံပြည်သူများတွေ့ဆုံ

ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပျော်ဘွယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများပူးပေါင်းပါဝင်သည့်အဖွဲ့နှင့် ကျေးရွာနေဒေသခံပြည် သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲက တောတွင်လှကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀:၀၀ နာရီ က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

စဉ့်ကိုင်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် ဒေသခံပြည်သူများ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် ကျေးရွာဒေသခံပြည်သူများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီက ပုလိပ်ကျေးရွာ အတွင်းရှိ ပုလိပ်မြွေဘုရားဓမ္မာရုံတွင် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

တာမွေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန် က တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းနှင့် အင်ဇိုင်းအသီးအပွင့်အားဆေး ဖော်စပ်ခြင်းသင်တန်းဖွင့်လှစ်

ဓာတ်မြေဩဇာများကို ရေရှည်အသုံးပြုခြင်းဖြင့် မြေဆီလွှာအတွင်း သဘာဝမြေဆွေးများဆုံးရှုံးခြင်း၊ မြေချဉ်၊ ငံကိန်းများ ပြောင်းလဲလာခြင်းနှင့် အကျိုးပြုအနုဇီဝများ နည်းပါးလာခြင်းတို့ကို ကာကွယ်နိုင်ရန်နှင့် ကုန်ကျစရိတ်သက်သာပြီး လယ်ယာမြေအတွက် ရေရှည်အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းနှင့် အင်ဇိုင်းအသီးအပွင့်အားဆေးဖော်စပ်ခြင်း သင်တန်းကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ နတ်သူရဲကျေးရွာ၊ တောင်သူဦးဝင်းမြင့်၏ စိုက်ခင်း၌ ကျင်းပရာ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ပြည်မြို့၊ သူနာပြုသင်တန်းကျောင်း၌ "မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောသရုပ်ပြပွဲ" ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ သူနာပြုသင်တန်းကျောင်း ခန်းမဆောင်၌ ယနေ့နံနက် ၉နာရီခွဲက မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောသရုပ်ပြပွဲ ကျင်းပပြုလုပ်ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်လင်းစိုးနှင့် တပ်ဖွဲ့ဝင်များ၊ သူနာပြုသင်တန်းကျောင်း (ပြည်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဌေးနှင့် ဆရာ၊ ဆရာမ/ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်သည်။
Subscribe to