ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပေါက်ခေါင်း    စက်တင်ဘာ   

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်  ၁၀ နာရီအချိန် က ပေါက်ခေါင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးသူမောင် က အဖွင့်အမှာစကားနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ပြန်လည်ရှင်းလင်း ပြောကြားခဲ့ရာ မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ပညာရေးဌာနနှင့် အုပ်ချုပ်ရေးပိုင်းမှ ပူးပေါင်းဆောင်းရွက်ရန်၊ ပြည်သူများအကြားသတင်းအမှား တွေကို ချေဖျက်ဖို့အတွက် သတင်းအမှန်များပြည်သူများထံ ပြန်ကြားပေးဖို့ လိုအပ်ကြောင်းနှင့် မီဒီယာလက်ဦးမှုရယူဖို့အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် ရွေ့လျားစာကြည့်တိုက်များဖြင့် ပြည်သူများစာပေဗဟုသုတတိုးပွားစေရေး ဆောင်ရွက်ကြပါရန်၊ မြို့နယ်အတွင်းနို့စားနွား တိုးချဲ့မွေးမြူရေးနှင့် ကျေးလက်လမ်းတံတားများ ဆောင်ရွက်ရာတွင် အမှန်တကယ်လိုအပ်သည့် နေရာဒေသရွေးချယ်အသုံးပြုရန်၊ ယခုနှစ်တွင် နွေစပါးဧကတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Does ထိုးနှံနိုင်ရေး ကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေးပူးပေါင်းဆောင်ရွက်ရန်နှင့် ကျေးရွာများသို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရာတွင် စစ်ကြောင်းကြီး ()ကြောင်းဖြင့် တိုးမြှင့်ကွင်းဆင်းဆောင်ရွက်သွားရန်၊ လုံခြုံရေးကိစ္စအထူးဂရုစိုက် သွားလာဆောင်ရွက်ကြပါရန် တို့ကို ထပ်ဆင့်ရှင်းလင်းမှာကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)