ပန်းတနော်မြို့နယ်တွင် ဆောင်သီးနှံ၊ ဆီထွက်သီးနှံ(နေကြာ)နှင့် နွေစပါးလျာထားချက်ပြည့်မီ ကျော်လွန်စေရေး နှင့် အထွက်နှုန်းတိုးတက်စေရေး တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပန်းတနော် စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့မှ ဆောင်သီးနှံ၊ ဆီထွက်သီးနှံ(နေကြာ)နှင့် နွေစပါးလျာထားချက်ပြည့်မီ ကျော်လွန် စေရေးနှင့် အထွက်နှုန်းတိုးတက်စေရေး တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့ကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက် မြင့်မားရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များဖြစ်သည့် စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ရှိသူများက ဆောင်းသီနှံ၊ ဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးရာတွင် နည်းစနစ်မှန်ကန်စွာဖြင့်စိုက်ပျိုးနိုင်ရေး၊ သီးနှံအထွက်နှုန်းတိုးတက်မြင့်မားရေး စသည့်လုပ်ဆောင်ရမည့် ကိစ္စရပ်များအား အကျယ်တဝင့်ရှင်းလင်း ပြောကြား ဆွေးနွေးခဲ့ပြီးတောင်သူများမှ ဆောင်းသီးနှံ(နေကြာ) စိုက်ပျိုးရေးနည်းစနစ်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၂)အုပ်စုတွင် ဆောင်းသီးနှံ (နေကြာ) စိုက်ဧက ၉၂၁၄ ဧက လျားထားဆောင်ရွက်လျက်ရှိပြီး နွေစပါးလျာထားချက်ပြည့်မှီကျော်လွန်စေရေးနှင့် အထွက်နှုန်း တိုးတက် မြင့်မားရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများအား တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)