တိုက်ကြီးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ (၅၀%)ဖြင့် ဆောင်ရွက်ပြီးစီးသည့် ကွန်ကရစ်လမ်းခင်းခြင်းနှင့် VDP ဖြင့် ဆောင်ရွက်မည့် လမ်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

တိုက်ကြီး    စက်တင်ဘာ   

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဂွကျေးရွာအုပ်စု၊ ဂုံညင်းတန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ (၅၀%)ဖြင့် သုဿာန်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ဖြင့် ဆောင်ရွက်မည့် လမ်းလုပ်ငန်းများအား တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်း၊ တာဝန်ခံအင်ဂျင်နီယာ၊ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့များနှင့်အတူ မြစိမ်းရောင်အတိုးရငွေ (၅၀%) ငွေကျပ် (.)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် သုဿာန်လမ်းကွန်ကရစ်လမ်း အရှည်(၂၉၆)ပေ၊ အကျယ် (၁၀)ပေ၊ ထု()လက်မ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ခွင့်ပြုရန်ပုံငွေကျပ် (၁၀)သန်း၊ ပြည်သူထည့်ဝင်ငွေ ကျပ် (.)သန်း စုစုပေါင်းငွေကျပ် (၁၀.) သန်းဖြင့် ဆောင်ရွက်မည့် လမ်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် အဆိုပါလမ်းပြီးစီးသွားပါက ကျေးရွာအိမ်ခြေ (၁၃၈) အိမ်ထောင်စု (၁၃၈)စုနှင့် လူဦးရေ (၅၃၂)ဦးကို အကျိုးပြုမည် ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)