ဆွမ်ပရာဘွမ်မြို့တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမနှင့်ငါးလုပ်ငန်း မြစိမ်းရောင်စီမံကိန်းသင်တန်းဖွင့်လှစ်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမနှင့်ငါးလုပ်ငန်း မြစိမ်းရောင်စီမံကိန်းသင်တန်းဖွင့်ပွဲကို ယနေ့နေ့လယ် ၁၂ နာရီချိန်က မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။