ကျောက်ဆည်မြို့နယ် ဒါန်းတိုင်ကျေးရွာတွင် ကုန်ထုတ်လမ်း ဖောက်လုပ်ပေး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်

ကျောက်ဆည်   စက်တင်ဘာ  ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်လုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဒါန်းတိုင်ကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်ပေးခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သဖြင့် ဒေသထွက်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ရာသီမရွေး သယ်ယူနိုင်ပြီးဖြစ်ကြောင်း  သိရှိရသည်။

 ကုန်ထုတ်လမ်းဖောက်လုပ်ရာတွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၁၂.၂၅၃၀)သန်း အကုန်အကျခံကာအလျား(၂.၀၅)ဖာလုံ၊ အကျယ်(၁၂)ပေ၊ မြေထု(၁)ပေ၊ ဂဝံဂျင်းကျောက်ထု (၉)လက်မ လမ်းဖောက်လုပ်ပေးခြင်းဖြစ်ပြီး လုပ်ငန်းများသတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် ဒေါ်ဌေးဌေးရီ ဦးစီးအရာရှိ (နည်းပညာ)တို့က အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ကုန်ထုတ်လမ်းဖောက်လုပ်ပေးခဲ့သောကြောင့် စိုက်ပျိုးမြေဧက(၁၅၀)မှ ထွက်ရှိသော သီးနှံမျိုးစုံအား ကုန်ကျစရိတ်သက်သာစွာဖြင့် ရာသီမရွေး သယ်ယူနို်ငပြီဖြစ်ကြောင်းနှင့် ဒါန်းတိုင် ကျေးရွာမှ အိမ်ခြေ(၂၅၅)အိမ်၊ လူဦးရေ(၁၁၂၁)ဦးတို့၏ လူမှုစီးပွားဘဝများလည်း ပိုမိုဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်