ဒေါပုံမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးတို့အတွက် စစ်ကြောင်း(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်သွားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင် ပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးတိုးတက်စေရေးနှင့်နယ်မြေတည်ငြိမ်အေးချမ်း သာယာရေးတို့အတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဒေါပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အဆင့် သဘာဝဘေး အန္တရာယ်တုံ့ပြန်ဆောင်ရွက်နိုင်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားတက်ရောက်

မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်နိုင်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပေါင်မြို့နယ်၊ မုတ္တမ ကျေးရွာအနီး၊ သံလွင်မြစ်ကမ်းတွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကြက်ခြေနီနှင့် လူမှု ကယ်ဆယ်ရေးအဖွဲ့များ တက်ရောက်ခဲ့သည်။

ဘူးသီးတောင်မြို့လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်များပြပွဲကျင်းပ

ဘူးသီးတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့မွန်းလွဲ(၂)နာရီအချိန်က စာဖတ်ရှိန်မြင့်မားရေးလှုပ်ရှားမှုအဖြစ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင်  ချည်မျှင်ဝါသီးနှံဧက ၂၄၄၉ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည် ဝါသီးနှံဧက ၂၄၄၉ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရကာ ဒေသခံတောင်သူများ သီးနှံအထွက်နှုန်းကောင်းမွန်ရေးနှင့် စိုက်နည်းစနစ် မှန်ကန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံကွင်းဝန်ထမ်းများက နယ်မြေကွင်းဆင်းပြီး စိုက်ပျိုးရေး နည်းပညာ များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် စံပြကျေးရွာတွင် Cash For Work စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စံပြကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းမြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့မစည်ပင်သာယာဈေးရုံအဆောက်အအုံပေါ် သစ်ခြောက်ပင်ကျိုးကျ၍ မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြု စုပေါင်းခုတ်ထွင်ရှင်းလင်း

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးတွင် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် သား/ငါးဈေးရုံ အဆောက်အအုံပေါ် သစ်ခြောက်ပင် ကျိုးကျမှုဖြစ်ပွားခဲ့သဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဈေးရောင်းဈေးဝယ်လာသူများ အန္တရာယ် ကင်းဝေးစေရန်အတွက် ပြည်သူ့အကျိုးပြု သွားရောက်ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြင့်တင်ရေး သင်တန်း (၁/၂၀၂၂) ဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းစွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်း (၁/၂၀၂၂)ဆင်းပွဲ အခမ်းအနားကိုယနေ့မွန်းလွဲ(၃)နာရီက ကျင်းပခဲ့ရာ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် သင်တန်းဆင်းဝန်ထမ်းများအနေဖြင့် မိမိတို့၏ရုံးသို့ ပြန်ရောက်သည့်အခါ လုပ်ငန်းတာဝန်များကို ယခုသင်တန်းမှပို့ချသည့် ရုံးလုပ်ငန်းဆိုင်ရာ ငွေစာရင်း၊ စာကြည့်တိုက်ပညာဘာသာရပ်များနှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို အလေးထား လိုက်နာကြရန်နှင့် သတင်းရေးသားနည်းများကို လက်တွေ့ကျကျ အားလုံးပူးပေါင်းဆောင်ရွက်ကြစေရန် တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။

ဟိုပန်မြို့နယ်တွင် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး ဆက်လက်ကွင်းဆင်းထိုးနှံပေး

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် အသက်ငါးနှစ်မှကိုးနှစ်အတွင်းရှိ ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီက နောင်မိုကျေးရွာ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ခလရ(၁၄၅)၊ ရွှေဝါကျေးရွာနှင့် ဖောင်ဆိပ်ကျေးရွာစသည့် စုရပ်နေရာများ၌ ဆက်လက်ကွင်းဆင်းထိုးနှံပေးခဲ့သည်။

ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဋ္ဌေး ကမာရွတ်မြို့နယ်အတွင်း ရွေ့လျားစျေးကားဖြင့် စျေးရောင်း ချပေးနေမှု ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဠ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ စည်ပင်ရဲဝင်းရှိအိမ်ရာဝင်းအတွင်း၌

အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များအား Software Program အတွင်း ထည့်သွင်းခြင်း လုပ်ငန်း မြန်အောင်မြို့နယ်၌(၅၆.၁၂)%ပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆)များအား Software Program အတွင်းထည့်သွင်းခြင်းလုပ်ငန်းများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ (၅၆.၁၂)% ပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။
Subscribe to