ဆွမ်ပရာဘွမ်မြို့တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမနှင့်ငါးလုပ်ငန်း မြစိမ်းရောင်စီမံကိန်းသင်တန်းဖွင့်လှစ်

ဆွမ်ပရာဘွမ်  စက်တင်ဘာ ၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမနှင့်ငါးလုပ်ငန်း မြစိမ်းရောင်စီမံကိန်းသင်တန်းဖွင့်ပွဲကို ယနေ့နေ့လယ် ၁၂ နာရီချိန်က မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ကျင်းပသည်။

 အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်မြင့်က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးကသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ စီမံကိန်းကျေးရွာများရွေးချယ်ရာတွင် အခြေခံရမည့်မူများ၊ အတိုးနှုန်း၊ ချေးငွေပမာဏစည်းမျဉ်းစည်းကမ်းများသတ်မှတ်ခြင်း၊ ကျေးရွာသူကျေးရွာသားများ သမဝါယမအသင်းသားသို့ အသိပေးကြေငြာခြင်း၊ ချေးငွေအဆိုပြုလွှာစည်းကမ်းချက်များ၊ ချေးငွေအတည်ပြုလွှာနှင့် ဝန်ခံကတိပြုချက်၏လိုက်နာရမည့်စည်းမျဉ်းများ ကျေးရွာလုပ်ငန်းအဖွဲ့နှင့် ချေးယူသူတို့ချုပ်ဆိုသောစာချုပ်ပုံစံများ၊ ရွာလုံးကျွတ်၊ သမဝါယမသင်းလုံးကျွတ်အစည်းအဝေးကျင်းပ၍ စီမံကိန်းသုံးသပ်ခြင်း၊ ကျေးရွာစိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမနှင့်ငါးလုပ်ငန်း မြစိမ်းရောင်ကော်မတီဖွဲ့စည်းရန် ရွေးချယ်ရမည့် စည်းကမ်းများ၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ စသည့်အကြောင်းအရာများကို ပရိုဂျက်တာဖြင့်ပြသကာ အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြန်မာ့စီးပွားဘဏ်(ဆွမ်ပရာဘွမ်)မှ ဝန်ထမ်းများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများစုစုပေါင်း ၂ဝ ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)