ဆွမ်ပရာဘွမ်မြို့တွင် နှစ်ခြင်းအသင်းတော်ရုံးနှင့်ကလေးသူငယ် ဘက်စုံဖွံ့ဖြိုးရေး ဂေဟာဝင်း၌ သန့်ရှင်းသာယာလှပစေရန် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် နှစ်ခြင်း အသင်းတော်ရုံးနှင့် ကလေးသူငယ်ဘက်စုံ ဖွံ့ဖြိုးရေးဂေဟာဝင်း၌ ယနေ့နံနက် ၇ နာရီခွဲအချိန်က စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားထုတ်လွှတ်ပေးမှုနှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိပေးပန်ကြားချက်ထုတ်ပြန်

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးမှုနှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိပေးပန်ကြားတစ်ခု ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့၊ ကုတင် (၁၀၀) ဆံ့ ခရိုင်ပြည်သူ့ဆေးရုံ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ရှိ ကုတင် (၁၀၀) ဆံ့ ခရိုင်ပြည်သူ့ဆေးရုံ၌ ယနေ့နံနက် ၈ နာရီက မိုးရာသီတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါများ ကင်းဝေးစေရေးနှင့် ခရိုင်ပြည်သူ့ဆေးရုံကြီး သန့်ရှင်းသာယာလှပစေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုအား မြို့တော်ဝန်နှင့် အဖွဲ့ဝင်များကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ အ‌ရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက (၄၇)ရပ်ကွက်၊ အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှုများအား ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့် ကော်မတီဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မကွေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံ ဂစ်တာတီး၊ တယောထိုး၊ ကီးဘုတ်တီးနည်း သင်တန်းဖွင့်လှစ်

လူငယ်လူရွယ်များ အားလိပ်ချိန်အား အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်ရည်ရွယ်၍ အခြေခံဂစ်တာတီး၊ တယောထိုး၊ ကီးဘုတ် တီးနည်း သင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က မကွေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မတ္တရာမြို့တွင် နိုင်ငံ့ဝန်ထမ်းများအား စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းများအား  စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဇေယျာသန မစိုးရိမ် ကျောင်းတိုက်တွင် ရောင်းချပေးခဲ့ကြောင်းသိရသည်။

လွိုင်ကော်မြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ ရှင်းလင်းခြင်းအခမ်းအနားကျင်းပ

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်း အာယုဒါန (အခမဲ့) ဆေးပေးခန်း အတွက် ဝှီးချဲတစ်စီး၊ ချွဲစုပ်စက်တစ်ခု၊ အောက်စီမီတာတစ်ခုနှင့် ကျန်းမာရေး အထောက်အကူ ပစ္စည်းများလှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေး အသင်း အာယုဒါန (အခမဲ့) ဆေးပေးခန်းအတွက် ဝှီးချဲတစ်စီး၊ ချွဲစုပ်စက်တစ်ခု၊ အောက်စီမီတာတစ်ခုနှင့် ကျန်းမာရေးအထောက်အကူပစ္စည်းများကို ယနေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အလှူရှင်များ စုပေါင်း၍ အခြေခံလူတန်းစား အိမ်ထောင်စုများအား ဆန်အိတ်များထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အလှူရှင်များစုပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အခြေခံလူတန်းစား အိမ်ထောင်စုများအား ဆန်အိတ်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စလင်းမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းနှင့်  Cash For Work စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နှင့် Cash For Work စီမံကိန်းရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီ ၃၀ အချိန်က ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to