စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးဖလား အသက် ၁၆ နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးဖလား အသက် ၁၆ နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ကျင်းပရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ ကွင်းအပြည့်တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

နမ့်စန်တွင်ကျင်းပသည့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး တက်ရောက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ငါးသယံဇာတတိုးပွားရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ဝမ်ပုံကျေးရွာအုပ်စု ၊ ထင်းရှူးမြိုင်ကျေးရွာရှိ ဟိုမိန်းဌာနေပြည်သူ့စစ်အဖွဲ့ မွေးမြူရေးခြံအတွင်းရှိ သဘာဝ ရေကန်တွင် ဆောင်ရွက်ခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်သက်နိုင် နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ ၊ နမ့်စန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဟိုမိန်းဌာနေပြည်သူ့စစ်အဖွဲ့ဥက္ကဋ္ဌ ဦးမဟာဂျနှင့် တပ်ဖွဲ့ဝင်များ ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။

ညောင်ဦးမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချခြင်းအား ယနေ့နံနက် ၉ နာရီအချိန်မှစတင်ပြီး ညောင်ဦးမြို့ ရပ်ကွက်များအလိုက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဟားခါးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ကြည့်ရှုအားပေး

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဟားခါးမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းဝင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်ကြည့်ရှု အားပေးသည်။

ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁ဝ) မြို့နယ်၊ အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ  ဆုချီးမြှင့်ပွဲအခမ်းအနား ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

၂ဝ၂၂ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁ဝ) မြို့နယ်၊ အသက် (၁၆) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသား အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီး ချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဝါသနာရှင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့သည်။

ကွန်ဟိန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“တူယှဉ်နွှဲပျော်ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ Season-2 အုပ်စု(က) ပွဲစဉ်(၁)ယှဉ်ပြိုင်မှု အပတ်စဉ်သောကြာနေ့ညတိုင်း မြန်မာ့ရုပ်မြင်သံကြား Live လွှင့် ပြသမည်

အဆိုပါပြိုင်ပွဲသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ရွေးချယ်ထားသည့် ပြိုင်ပွဲဝင်သုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အပတ်စဉ် သောကြာနေ့ညများတွင် ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက် (Live) ရိုက်ကူးပြသမည် ဖြစ်သည်။
Subscribe to