ပဲခူးတိုင်းဒေသကြီး၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းအဆင့်)ပြိုင်ပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(တိုင်းအဆင့်) ဒုတိယနေ့အဖြစ် ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ ပဲခူးမြို့ မြို့တော်ခန်းမ၊ သီရိဟံသာခန်းမ၊ သာသနာ့ဗိမ္မာန်စသည့်သတ်မှတ်နေရာများ၌ ဆက်လက်ကျင်းပခဲ့သည်။

လဲချားမြို့နယ်တွင် သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

တွံတေးမြို့နယ်၌ ( Mask Campaign) ပြုလုပ်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် လမ်းညွန့်မှုဖြင့် ကိုဗစ်-၁၉  မျိုးကွဲသစ် အိုမီခရွန် ကာကွယ်၊ တာဆီး၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ၊ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ ဆက်လက်လိုက်နာကျင့်သုံး ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ခရီးသွား ဒေသခံပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း Mask များနေအိမ်ပြင်ပ ထွက်တိုင်း(Mask)မဖြစ်မနေ တပ်ဆင်သွားလာရေးအသိပညာပေး (Mask Camapaign)ကို  ပြည်သူများ ရောဂါကူးစက်မှုမခံရစေရေး စဉ်ဆက်မပြက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်တွင် လူစည်ကားရာနေရာဖြစ်သော ရွှေဆံတော်လမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်၌ ကျောင်းကျန်းမာရေးစစ်ဆေးမှုကတ် အသုံးပြုခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ဆရာ/ ဆရာမများအား ကျောင်းကျန်းမာရေးစစ်ဆေးမှုကတ် အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

လေးဆူဓါတ်စံ ရွှေစာရံစေတီတော်မြတ်ကြီး သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့၏ကျက်သရေဆောင် လေးဆူဓါတ်စံ ရွှေစာရံစေတီတော်မြတ်ကြီး သန့်ရှင်းသာယာလှပစေရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ ယနေ့နံနက် ၇ နာရီအချိန်ခန့်က စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

အုတ်တွင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အသိပညာ‌ပေးဆွေးနွေးပွဲဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အသိပညာ‌ပေးဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့တွင် ကြွယ်ဂံကျေးရွာအုပ်စု၊ ခင်တန်းကျေးရွာ၌ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၊ စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများ‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မ​ကွေးတိုင်း​ဒေသကြီး၊​ မကွေးခရိုင်​၊‌‌ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ​ကျေးရွာပြည်သူများရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး

ဘီးလင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန ( Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်(Book Club )တို့  ပူးပေါင်း၍ စာ​ရေးဆရာ ချစ်နိုင်ရေးသားသည့် “လူငယ်နှင့်အခွင့်အလမ်း“ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာကာကွယ်နိုင်ရေးအတွက် အုပ်ချုပ်ရေးစစ်ကြောင်းအဖွဲ့၏ဦးဆောင်မှုဖြင့် မျက်နှာနှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါနှင့် မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးတို့ ကူးစက်ခံရခြင်းမှ ထိရောက်စွာကာကွယ်နိုင်ရေးအတွက် မျက်နှာနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းများအား ယနေ့နံနက် ၈ နာရီအချိန်မှစတင်ကာ ဒေါပုံမြို့မစျေးအတွင်းရှိ ပြည်သူများထံသို့ တာဝန်ရှိသူများက သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မော်တော်ယာဉ်များ မီးလောင်မှုလျော့နည်းကျဆင်းရေး ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဖြတ်သန်းသွားလာလျက်ရှိသော ယာဉ်များမီးလောင်မှု လျော့နည်းကျးဆင်းရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်​နေ့ညနေပိုင်းက ဆောင်ရွက်ကြောင်းသိရသည်။
Subscribe to