စစ်ကိုင်း စက်တင်ဘာ ၃
စစ်ကိုင်းခရိုင်/ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်မူးယစ်တပ်ဖွဲ့စုတို့ ပူးပေါင်း၍ ယမန်နေ့၊ နေ့ပိုင်းက စစ်ကိုင်းမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဆွေးနွေးပေးခဲ့ကြကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက “အားကစားဆိုင်ရာ သိကောင်းစရာ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက “အား/ကာသိပ္ပံအကြောင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူ ရေးရာတာဝန်ခံက “စားသုံးသူကာကွယ်ရေး သိကောင်းစရာ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အမှတ်(၈)မူးယစ်တပ်ဖွဲ့စု၊ မုံရွာ စစ်ကိုင်းလှုပ်ရှားမှုအဖွဲ့၊ ဒုတိယရဲမှူးက “မူးယစ်ဆေးဝါး ဆိုးကျိုးများ အန္တရာယ် သိကောင်းစရာ” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးဟောပြောပွဲသို့ စစ်ကိုင်းခရိုင်/ မြို့နယ် မိတ်ဖက်ဌာနဆိုင်ရာများ၊ အမှတ်(၂) အခြေခံပညာကျောင်းအုပ်ကြီး၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြပြီး ခရိုင်/ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်