ကျောက်မဲခရိုင်၊ ပြည်သူ့ဆေးရုံသန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကျောက်မဲ စက်တင်ဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြည်သူ့ဆေးရုံ သန့်ရှင်းသာယာလှပရေးအတွက် ယနေ့ နံနက် ၈ နာရီမှ နံနက် ၁၀ နာရီအထိ တပ်မတော်သားများနှင့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ကျောက်မဲတပ်နယ်ရှိ အရာရှိ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာ ရေးဌာန၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၀၀ ဦးခန့်က ဆေးရုံဝင်းအတွင်းရှိ အမှိုက်သရိုက်များ၊ ခြုံနွယ်များ၊ မြက်များခုတ်ထွင်ရှင်းလင်းခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့သန့်ရှင်းရေး ဆောင်ရွက်နေမှုများကို အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သက်အောင်ဇင်နှင့်တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု့ခဲ့ပြီး ဆေးရုံရှိ မွေးလူနာ ၁၇ ဦး အား ထောပ်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)