ဘုတ်ပြင်းမြို့၊ ချောင်းကဖီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အထက်တန်းကျောင်းသို့ အဆင့်တိုးမြှင့်
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၂-၂၀၂၃ ခု၊ ပညာသင်နှစ်အတွင်း နို့ငွါးကျေးရွာအုပ်စု၊ ချောင်းကဖီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အထက်တန်း ကျောင်းသို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းအရှေ့၌ ကျင်းပခဲ့သည်။