ညောင်တုန်းမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုးမှု လျာထားချက်ပြည့်မီရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးမှုလျာထားချက်ပြည့်မီရေးသီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က မြို့နယ်အတွင်းရှိကျေးရွာအုပ်စုများသို့ ကွင်းဆင်းကာ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ဒွေးလှကျေးရွာတွင် စိုက်ပျိုးထားသော မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံရေးနှင့် မျိုးကောင်း မျိုးသန့်ရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများ ကူညီပံ့ပိုးမှုဖြင့် မျိုးစေ့ထုတ်စိုက်ခင်း ဧက(၂၀၀) စိုက်ပျိုးထားရာ ဒွေးလှကျေးရွာတွင် စိုက်ပျိုးထားသော မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

ကော့သောင်းမြို့တွင် သဘာဝဘေးအန္တရာယ် မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်

သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည့် မုန်တိုင်းဘေးအန္တရာယ် ဖြစ်ပွားလာပါက ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ် ဆယ်မှုလုပ်ငန်းများကို ထိရောက် လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကော့သောင်းခရိုင်နှင့် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကော့သောင်းမြို့၊ ပုလုံးတုံတုံးပင်လယ်ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကန်ထရိုက်လယ်ယာလုပ်ငန်း (Contract Farming)၊ အကျိုးတူလယ်ယာစနစ်ဖြင့် စပါးနှင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃ ရက် နံနက် ၉ နာရီ အချိန်တွင် ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ မြူရုံးလမ်းရှိ “ရွှေခယ်သီရိ”ခန်းမ၌ ကန်ထရိုက်လယ်ယာလုပ်ငန်း(Contract Farming)၊ အကျိုးတူလယ်ယာစနစ်ဖြင့် စပါးနှင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မည့် ဒေသခံတောင်သူများအား တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်၊ အင်ကျယ်ကျေးရွာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတွေ့ဆုံပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်အုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဦး ဦးဆောင်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များနှင့်

ဗန်းမော်မြို့တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ရဲတပ်ဖွဲ့ဝင်များအား စုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဗန်းမော်မြို့ အမှတ်(၁၁)စစ်မြေပြင်ဆေးတပ်ရင်းရှိ သွေးလှူဘဏ်၌ စုပေါင်းသွေးလှူဒါန်း ခဲ့ကြ ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်ထေရဝါဒဗုဒ္ဓသာသနာပြု(ဆမ်မိန်း)ကျောင်း၌ ဆွမ်းဆန်တော်နှင့်ဆီများ လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု(ဆမ်မိန်း)ကျောင်း၌ သံဃာတော်များအား ဝါဆို သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့က အဆိုပါ ကျောင်းတိုက်၌ ကျင်းပသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ပြင်လျားရှည်ကျေးရွာ၌ မိုးကြိုးထိမှန်သေဆုံးသွားသည့် မိသားစုအတွက် ထောက်ပံငွေများပေးအပ်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပြင်လျားရှည်ကျေးရွာ၌ သြဂုတ်လ ၃၁ ရက်နေ့၊ ညနေ ၃ နာရီကျော်ခန့်က မိုးကြိုးထိမှန်သေဆုံးသွားသည့် မိသားစုအတွက် ပုဏ္ဏားကျွန်းမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့၊  မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။

စဉ့်ကူးမြို့နယ်၊ ရွာသစ်ကလေးကျေးရွာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ကုက္ကိုကျေးရွာအုပ်စု၊ ရွာသစ်ကလေးကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော

မိုးကုတ်မြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်ဆေးဖြန်းခြင်းများဆောင်ရွက်

မိုးကုတ်မြို့နယ် ရှောလီဝိုင်းအုပ်စု ဘီးတောင်ရပ်ကွက်တွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို ယမန်နေ့တွင် ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဦးစီးဌာနဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အရံမီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မြတ်စေတနာ လူမှုကူညီရေး အသင်းတို့ စုပေါင်း၍ ကျန်းမာသန့်ရှင်းသော ပတ်ဝန်းကျင်ကောင်းတစ်ရပ် ဖြစ်ပေါ်စေရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွာက်လျက်ရှိရာ မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့်လည်း မိမိတို့ပတ်ဝန်းကျင်၊ရပ်ကွက်များတွင် ခြင်ဆေးဖြန်းခြင်းများ ဆောင်ရွက် လိုပါက မြို့နယ်အရံမီးသတ်တပ်ဖွဲ့ရုံးများနှင့် မြတ်စေတနာလူမှုကူညီရေးအသင်းရုံးများတွင် ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ပြောကြားကာ ရပ်ကွက်နေပြည်သူများအနေဖြင့် ကူးစက်လွယ်သော သွေးလွန်တုန်ကွေး ရောဂါကြိုတင်ကာကွယ်နိုင်ရေး အထူးဂရုပြုနေထိုင်ကြရန်နှင့် မိမိပတ်ဝန်းကျင်ရှိ ခြင်ကြား၊ ယင်ကြားများ ခိုအောင်းတတ်​​သော ရေဆိုးမြှောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် သစ်ပင်ခြုံနွယ်များအား ရှင်းလင်း ခြင်းများ ဆောင်ရွက်စေလိုကြောင်း တာဝန်ရှိသူများမှ ပြောကြားခဲ့ကြောင်း သိရသည်။
Subscribe to