မချမ်းဘော့ စက်တင်ဘာ ၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို(၈)နှစ်တာ ကာလအတွင်း မြေပြင်ကွင်းဆောင်ရွက်ခဲ့ခြင်း အတွေ့အကြုံများကို မျှဝေခြင်းဖြင့် အခြားဦးစီးဌာနများမှဆောင်ရွက်မည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများကို အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ စိုက်ပျိုးမွေးမြူရေး မြစိမ်းရောင်စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲကို စက်တင်ဘာ(၂) ရက် နံနက် ၉ နာရီခွဲက မချမ်းဘော့မြို့နယ် ကျေးလက်ဒေသဖြိုးဖွံ့တိုးတက်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးမြင့်နိုင်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးဋ္ဌေးမြင့်က သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စီမံကိန်းလက်စွဲစာအုပ်ပါ ညွန်ကြားချက်နှင့် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများ၊ လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ဒုတိယဦးစီးမှူးနှင့် အကြီးတန်းစာရေးတို့က ငွေစာရင်းထိန်းသိမ်းနည်း၊ ငွေစာရင်းပုံစံများ၊ လချုပ်ပုံစံများကို သင်ကြားပို့ချပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သင်တန်းသားစုစုပေါင်း(၇)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)