နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်ခန်းမ၌ စက်တင်ဘာလ (၄)ရက် နံနက် (၁၀)နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မြန်မာ-တရုတ်ကုန်စည်စီးဆင်းရာတွင် ကုန်တင်ယာဉ်များ စနစ်တကျကုန်စည်တင်ပို့နိုင်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် စစ်ဆေးခြင်းများဆောင်ရွက်

ကချင်ပြည်နယ် ကန်ပိုက်တီနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်စည်စီးဆင်းရာတွင် ကုန်တင်ယာဉ်များ စနစ်တကျဖြင့် ကုန်စည်တင်ပို့နိုင်ရေး၊ ယာဉ်မောင်း/ ယာဉ်နောက်လိုက်များအား ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ စည်းကမ်းတကျ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် ကုန်တင်ယာဉ်များ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဝိုင်းမော်မြို့နယ် တန်ဘောင်ကျေးရွာရှိ ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များ အများပိုင်ကုမ္ပဏီ၏ KEP Logistics ဝင်းအတွင်း၌ ပြုလုပ်ခဲ့ကြသည်။

မင်္ဂလာဒုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက် အဆင့်(၂)အား စတင်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်တွင် ယမန်နေ့ နံနက်(၉)နာရီအချိန်က မင်္ဂလာဒုံမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်နှင့်ဝန်ထမ်းများမှ

မိုင်းယုမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်စသည့်လုပ်ငန်းများကို ယမန်နေ့ညနေပိုင်းက ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ မြို့မရပ်ကွက်အုပ်စု၊ ဝမ်နားဟွေ့ကျေးရွာတို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ဆီမီးထွန်းကျေးရွာသို့  ဒေသဖွံ့​ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မ​ကွေးတိုင်း​ဒေသကြီး၊​ မကွေးခရိုင်​၊‌‌ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ​ကျေးရွာပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ အတွင်းရေးမှူးရဲမှူးအောင်မိုးခိုင်၊ အဖွဲ့ဝင်(၂) ဦးလှသောင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယ​နေ့ နံနက်(၁၀)နာရီက ဆီမီးထွန်းကျေးရွာသို့ ကွင်းဆင်း​၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

ဘားအံမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် စစ်ကြောင်းကြီး ၅ကြောင်းဖြင့် နယ်မြေအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အမှတ်(၃)ရပ်ကွက်အတွင်းရှိ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန့်နေ့မွန်းလွဲပိုင်းက ရွှေဘိုဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

စဉ့်ကူးမြို့တွင် သမိုင်းဝင် ရွှေမုဌောမြတ်စွာဘုရားပွဲတော် ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော သမိုင်းဝင် ရွှေမုဌောမြတ်စွာဘုရားပွဲတော်ကို အမှတ်(၁)ရပ်ကွက်ရှိ ရွှေမုဌောမြတ်စွာဘုရား ပုရဝုဏ်အတွင်း ယနေ့နံနက် ၆ နာရီခွဲအချိန်မှ စတင်ကျင်းပခဲ့သည်။

ထန်းတပင်​မြို့နယ်၌  ဆန်စက်ပိုင်ရှင်များနှင့် စေတနာရှင်ပြည်သူများပူးပေါင်း၍ အခြေခံလူတန်းစား အိမ်ထောင်စုများအား ဆန်နှင့်‌ငွေများ ထောက်ပံ့လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ ​ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ဆန်စက်ပိုင်ရှင်များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ မြို့‌ပေါ်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား ဆန်နှင့်​ငွေများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက် ၈နာရီမှ စတင်၍ မြို့ပေါ်ရပ်ကွက်အတွင်း ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ငါးသိုင်းချောင်းမြို့ ငဝန်တံတားပေါ်မှ လူငယ်တစ်ဦး ရေထဲခုန်ချမှု ဖြစ်ပွားခဲ့ရာ လိုက်လံရှာဖွေလျက်ရှိ

ယမန်နေ့ ညနေ(၆)နာရီအချိန်ခန့်တွင်  ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ ငဝန်တံတားအလယ်ညာဘက်မှ လူငယ်တစ်ဦး ရေထဲခုန်ချသွားကြောင်း သတင်းရရှိသဖြင့် နယ်မြေရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ် တင်လင်းထွဋ်နှင့် အဖွဲ့က သွားရောက် ကြည့်ရှုစစ်ဆေးရာ တံတားပေါ်မှ ခုန်ချသွားသူ၏ ဖိနပ်တစ်ရံ၊ EBED စာတန်းပါ ဦးထုပ်(၁)လုံး၊ Redmi 8 နီညိုရောင် ဖုန်း(၁)လုံးနှင့်  စူပါကတ်ဆိုင်ကယ် ဖြူနီကြား(၁)စီးတို့ ကျန်ရှိခဲ့ကြောင်း တွေ့ရှိရသဖြင့်

ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပြည်သူများ သက်သာချောင်ချိရေး ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် တပ်မတော်ထုတ်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်ချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဖျာပုံမြို့နယ် ဆန်စက်၊ ဆန်ကုန်သည်များအသင်း မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းနှင့် ခလရ( ၉၈) နယ်မြေခံတပ်တို့ ပူးပေါင်းကူညီမှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပြည်သူများ သက်သာချောင်ချိရေး ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် တပ်မတော်ထုတ်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် စက်တင်ဘာလ (၄)ရက်နေ့ နံနက်(၈)နာရီခွဲအချိန်က ဖျာပုံမြို့အမှတ်(၃)ရပ်ကွက်၊ ဆန်စက်၊ ဆန်ကုန်သည်များအသင်းရုံးရှေ့တွင် ရောင်းချပေးလျက်ရှိ​ကြသည်။
Subscribe to