ထန်းတပင်​မြို့နယ်၌  ဆန်စက်ပိုင်ရှင်များနှင့် စေတနာရှင်ပြည်သူများပူးပေါင်း၍ အခြေခံလူတန်းစား အိမ်ထောင်စုများအား ဆန်နှင့်‌ငွေများ ထောက်ပံ့လှူဒါန်း

ထန်းတပင် စက်တင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ ​ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ဆန်စက်ပိုင်ရှင်များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ မြို့‌ပေါ်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား ဆန်နှင့်​ငွေများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက် ၈နာရီမှ စတင်၍ မြို့ပေါ်ရပ်ကွက်အတွင်း ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါ လှူဒါန်းမှုတွင် မြို့ပေါ်ရပ်ကွက်ရှိ  ဘုန်း​တော်ကြီးကျောင်းများနှင့် ဘာသာရေးကျောင်းများကို ဆန်အိတ်များ လှူဒါန်းခဲ့ပြီး မြို့ပေါ်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၁၆၉၂)စုအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်နှင့် ငွေ(၅၀၀၀)ငါးထောင်ကျပ်တိတိတို့ကို အလှူရှင်များကသတ်မှတ်နေရာများအ‌ရောက် ထောက်ပံ့လှူဒါန်း‌ ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)