မင်္ဂလာဒုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက် အဆင့်(၂)အား စတင်ဆောင်ရွက်

မင်္ဂလာဒုံ စက်တင်ဘာ  ၄

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်တွင် ယမန်နေ့ နံနက်(၉)နာရီအချိန်က မင်္ဂလာဒုံမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်နှင့်ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်​ထောင်စုလူဦး​ရေစာရင်းနှင့် နိုင်ငံသားစိစစ်​ရေးကတ်ပြားများအား ဥပ​ဒေနှင့်အညီထုတ်​ပေးနိုင်​ရေးအတွက် ကွင်းဆင်း​ဆောင်ရွက်​ခဲ့ရာ တပ်မတော် ကုတင် (၁၀၀၀)ဆေးရုံကြီးမှ စစ်သည်များ၊ ရဲမေများနှင့် အရပ်သားဝန်ထမ်းမိသားစုဝင်များ၊ စုစုပေါင်း အိမ်ထောင်စု (၁၂)စုနှင့် နိုင်ငံသားကတ် (၆၃)ကတ်ပြုလုပ်ပေးနိုင်ခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

မြတ်မွန်ခင် (ပြန်/ ဆက်)