သောက်သုံးရေလိုအပ်နေသော ကွမ်းဖလားကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သောက်သုံးရေလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော ကွမ်းဖလားကျေးရွာ အခြေခံပညာမလတန်းကျောင်းသို့ စက်တင်ဘာ ၄ ရက်၊ နံနက် ၉နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ညောင်ဦးမြို့နယ် ပုဂံမြို့ မြင်းကပါကျေးရွာမှ ယွန်းလုပ်သား ၅၀ ဦးအား မီးဖိုချောင်သုံး ပစ္စည်းများလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ မြင်းကပါကျေးရွာ၌ ဝေမျှခြင်း ပရဟိတမိသားစုက စက်တင်ဘာ ၄ ရက်၊ နံနက် ၁၀နာရီအချိန်က ယွန်းလုပ်သား ၅၀ ဦး အတွက် မီးဖိုချောင်သုံးချက်ပြုစားစရာများလှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ညောင်ဦးမြို့နယ်အတွင်း မသန်စွမ်းကလေးငယ်များ ဆက်သွယ်၍ Baby Carrier များ ဆက်သွယ်ရယူနိုင်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း မွေးကင်းစမှ ဆယ်လအတွင်း မသန်စွမ်း ကလေးငယ်များ ရှိပါက သတ်မှတ်ပုံစံများ ဖြည့်စွက်၍ Baby Carrier များ ဆက်သွယ် ရယူနိုင်ကြောင်း ပုဂံမြို့ ရတနာဘုံစံ တောရကျောင်း အရှင်သာဂရထံမှ သိရသည်။

လွိုင်လင်မြို့၌ ဆီလုပ်ငန်းရှင်များအသင်းမှ ဆီ(၁)ပိသာ ၅၄၀၀ ကျပ်ဖြင့် ရောင်းချပေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းက စားသုံးသူ လက်ဝယ်အရောက် တိုက်ရိုက် လက်လီလက်ကားစနစ်ဖြင့် ဆီ(၁) ပိသာလျှင် ၅၄၀၀ ကျပ်နှုန်းဖြင့် ယနေ့နံနက် (၇)နာရီက မြို့မဈေးကြီး အနောက်ဘက်တွင် ရောင်းချလျက်ရှိကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ်သတ်မှတ်ပညာပေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ မြို့နယ်အတွင်းရှိ ဈေးများတွင်အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ်သတ်မှတ်ဆောင်ရွက်မည်ဖြစ်ရာ ယမန်နေ့နံနက် ၇ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေး၊ ဆိပ်ကမ်းသာဈေး၊ အောင်သာယာဈေး၊ ဗိုလ်ချုပ်ဈေးများ၌‌ ဈေးအတွင်းအပြင်ဈေးရောင်း/ဈေးဝယ်ပြည်သူများအား အသိပညာပေး ဆောင်ရွက်ကြသည်။

သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ၏ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး၊  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ(၁)နာရီက မုံဇလီကျေးရွာသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့သည်။ 

မန်းရွှေစက်တော် ဘုရားကြီးတွင် ရွေ့လျားစက်လှေကား တပ်ဆင်ရန် ဆွေးနွေး၍ မြေနေရာများ တိုင်းတာရွေးချယ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော် ဘုရားကြီးတွင် ရွေ့လျားစက်လှေကားတပ်ဆင်ရန် ဆွေးနွေးခြင်းနှင့် မြေနေရာရွေးချယ်၍ တိုင်းတာခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကိုးခန်းကြီး နားနေဆောင်၌ ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ် အတွင်းရှိ အနှေးယာဉ် လုပ်သားကြီးများ ယာဉ်အန္တရာယ် ကင်းဝေးစေရေး အတွက် ရှေ့/နောက် ရောင်ပြန်စတေကာများ ကွင်းဆင်းကပ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ အနှေးယာဉ် လုပ်သားကြီးများ ယာဉ်အန္တရာယ် ကင်းဝေးစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရန် ရည်ရွယ်၍ ရောင်ပြန်စတေကာများ ကွင်းဆင်းကပ်ပေးခြင်း လုပ်ငန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

တိုက်ကြီးမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး ၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး စစ်ကြောင်း ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး အကောင်အထည်ဖော်ဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့အား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး မြို့နယ်အဆင့် စစ်ကြောင်း ၅ ကြောင်းဖြင့် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် တာဂွကျေးရွာအုပ်စု ဓမ္မရောင်ခြည်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်
Subscribe to