စဉ့်ကူးမြို့တွင် သမိုင်းဝင် ရွှေမုဌောမြတ်စွာဘုရားပွဲတော် ကျင်းပ

စဉ့်ကူး စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော သမိုင်းဝင် ရွှေမုဌောမြတ်စွာဘုရားပွဲတော်ကို အမှတ်(၁)ရပ်ကွက်ရှိ ရွှေမုဌောမြတ်စွာဘုရား ပုရဝုဏ်အတွင်း ယနေ့နံနက် ၆ နာရီခွဲအချိန်မှ စတင်ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များက သံဃာတော် (၁၃၈) ပါးအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး သံဃာတော်များအား တစ်ပါးလျှင် ငွေကျပ် (၃၀၀၀၀)မှ (၁၅၀၀၀၀) တန်ဖိုးရှိ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို စာရေးတံမဲနှိုက် လှူဒါန်းခဲ့ကြသည်။

ထို့နောက် စဉ့်ကူးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဦးဝရသာမိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ရေစက်သွန်းချအနုမောဒနာတရားတော်များ နာယူခဲ့ကြသည်။  ဆက်လက်၍ ရွှေမုဌောမြတ်စွာဘုရားရင်ပြင်တော်တွင် သံဃာတော် (၁၃၈) ပါးအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ စေတနာရှင် အလှူရှင်များက ဆွမ်းဆန်တော်များ၊ အလှူငွေများ၊ လှူဖွယ် ပစ္စည်းများအား လောင်းလှူခဲ့ကြသည်။

အဆိုပါ ရွှေမုဌောမြတ်စွာဘုရားပွဲတော် အခမ်းအနားသို့ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ စုစုပေါင်း (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး လှူဒါန်းမှူ တန်ဖိုးငွေမှာ စုစုပေါင်း ကျပ်သိန်း (၉၀)ကျော် ဖြစ်ကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ ဆက်)