ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း ဆဋ္ဌမအကြိမ်မြောက် ပြန်လည်ထုတ်ချေး
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး၊ မိသားစုဝင်ငွေ တိုးပွားလာစေရန်နှင့် တစ်နိုင်တစ်ပိုင် ဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် အရင်းမပျောက် လည်ပတ်ရန်ပုံငွေစီမံကိန်းအဖြစ် မြစိမ်းရောင်စီမံကိန်း ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။